လျှောက်လွှာခေါ်ယူခြင်း

၁။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ရန် ဒုလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး (လစာနှုန်းကျပ် ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)ရာထူး (၄)နေရာအတွက် အနိမ့်ဆုံးပညာအရည်အချင်း ကွန်ပျူတာသိပ္ပံဘွဲ့ (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ကွန်ပျူတာဒီပလိုမာ/ ကွန်ပျူတာဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ် တင်ပြနိုင်သူများ လျှောက်ထားနိုင်ပါသည်။

၂။ လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ ၁၅-၁-၂၀၁၈ရက် နေ့တွင် အသက် ၃၀ နှစ် (ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)ထက် မကျော်လွန်သူဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်ရမည်။ အိုင်စီတီနှင့် ကွန်ပျူတာကျွမ်းကျင်ရမည်။ ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်ရမည်။ အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်။

၃။ သတ်မှတ် လျှောက်လွှာပုံစံ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ လက်တွေ့နှင့် လူတွေ့စာမေးပွဲ ဖြေဆိုရမည့် နေ့ရက်နှင့် အသေးစိတ်အချက်အလက်များကို ဤဦးစီးဌာန၏ Website ဖြစ်သော www.mlc.gov.mm မှ download ရယူလျှောက်ထားနိုင်သည်။ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ သို့ ၃၀-၁-၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ (၄)နာရီ အရောက် ပေးပို့လျှောက်ထားရမည်။ နောက်ကျပေးပို့သော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၄။ အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၄၃၀၁၅၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်