ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၆

အင်္ဂလိပ်စာကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း၊အမှတ်စဉ်(၁)၊ရုံးလုပ်ငန်းအသုံးပြု ကွန်ပျူတာ အခြေခံ ကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ်(၂)နှင့် ရုံးလုပ်ငန်းစွမ်းရည်မြှင့်သင်တန်း၊ အမှတ်စဉ်(၃) သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားသည်။ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ အင်္ဂလိပ်စာကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း၊ အမှတ်စဉ်(၁)တွင် (၃၄)ဦး၊ ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ်(၂)တွင် (၄၂)ဦးနှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်း၊ အမှတ်စဉ်(၃)တွင် (၃၅)ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၁၁)ဦးတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်