
ရန်ကုန်၊ ဇန်နဝါရီ ၁၈
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့သည့် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော၊ တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကာ ဂုဏ်ပြုဆုများချီးမြှင့်သည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသော ၂၀၁၈ ခုနှစ် အခြေခံပညာ မြန်မာစာ စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ သို့တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကာ ဆုများကိုချီးမြှင့်ခဲ့သည်။