လုပ်ငန်းတာဝန်

လုပ်ငန်းတာဝန်

  • မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားများ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ခြင်း
  • ဘာသာစကားအဘိဓာန်ကျမ်းအမျိုးမျိုး ပြုစုထုတ်ဝေခြင်းနှင့် တည်းဖြတ်မွမ်းမံခြင်း
  • ဘာသာစကားဆိုင်ရာ သဒ္ဒါ၊ သတ်ပုံ၊ စကားပုံ၊ ဆိုရိုးနှင့် သုတစာပေ၊ ရသစာပေ၊ ပညာပေးစာပေ စာအုပ်စာတမ်းများ ပြုစုထုတ်ဝေခြင်း
  • ဘာသာစကား ပညာပေးဇာတ်လမ်းများ၊ လမ်းညွှန်ပို့ချချက်များကို ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်ခြင်းနှင့် သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြခြင်း၊ ဦးစီးဌာန၏ Facebook စာမျက်နှာနှင့် Website များတွင် ဝေမျှဖော်ပြခြင်း
  • ဘာသာစကားအဘိဓာန်ကျမ်းအမျိုးမျိုးနှင့် Online အဘိဓာန်အမျိုးမျိုး ထုတ်ဝေနိုင်မည့် ဝေါဟာရ Lexical Database တည်ဆောက်ခြင်း
  • မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဆိုင်ရာ အွန်လိုင်းအဘိဓာန်များ (Online Dictionary) သုတေသနပြု တည်ဆောက်ခြင်း
  • မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီအိုင်စီတီစနစ်များ အသုံးပြုခြင်း
  • တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း
  • တိုင်းရင်းသားဘာသာစကားဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပခြင်း
  • ရုံးစာရေးနည်းသင်တန်း၊ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း၊ အိုင်စီတီစွမ်းရည်မြှင့်တင်ရေး သင်တန်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း