မြန်မာစာအဖွဲ့ဝင်ဆရာကြီးများနှင့် ဘာသာစကား ပညာရှင်ကြီးများ၏ ပညာဗဟုသုတအမွေ လက်ဆင့်ကမ်း မျှဝေခြင်းနှင့် မြန်မာစာမြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀

မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့် ဘာသာစကားပညာရှင်ကြီးများ၏ ပညာဗဟုသုတအမွေ လက်ဆင့်ကမ်း မျှဝေခြင်းနှင့်မြန်မာစာ မြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ စိန်ရတု ခန်းမတွင် ယနေ့ ဆက်လက် ကျင်းပသည်။ ဆွေးနွေးပွဲတွင် “အပြောဘာသာစကား အပြောစကားပြေ အပြောသဒ္ဒါ” ခေါင်းစဉ်ဖြင့် ဆရာကြီး ဒေါက်တာခင်အေးက ဦးဆောင် ဆွေးနွေးပါသည်။ မြန်မာစာအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာမြင့်ကြည်နှင့် ဒေါက်တာထွန်းတင့်တို့ကလည်းကောင်း၊ မြန်မာစာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ကြားခံဆွေးနွေးသူ အဖြစ်လည်းကောင်း ဖြည့်စွက် ဆွေးနွေး ပါသည်။

ဧည့်ပရိတ်သတ်များ၏ သိလိုသည်များကို ဆရာကြီးက ပြန်လည်ဖြေကြားပေးပါသည်။ ဆက်လက်၍ မြန်မာ-အင်္ဂလိပ် အဘိဓာန် တည်းဖြတ် ပြုစုရေးကော်မတီ ဥက္ကဌ ဆရာကြီးဦးသီဟက Language Teaching and Language Testing ပညာရပ်တို့ကို ဆွေးနွေးပို့ချကြောင်း စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဆွေးနွေးဖြေကြားပြီး အဆိုပါပညာရှင်ကြီးများ၏ ပညာဗဟုသုတအမွေ လက်ဆင့်ကမ်း မျှဝေခြင်းနှင့် မြန်မာစာ မြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးခြင်းစကားဝိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်